Nanboku-chō Period မူရိုမာချီခေတ်ဦးပိုင်း (နန်းပြိုင်ခေတ်)

Nanboku-chō Period မူရိုမာချီခေတ်ဦးပိုင်း (နန်းပြိုင်ခေတ်)

Nanboku-chō Period မူရိုမာချီခေတ်ဦးပိုင်း (နန်းပြိုင်ခေတ်) (၁၃၃၆ ခုနှစ်မှ ၁၃၉၂ ခုနှစ်)

၁၃ ရာစုနှောင်းပိုင်းတွင် ကူဗလိုင်ခန် ဦးဆောင်သော မွန်ဂိုတပ်များသည် ဂျပန်နိုင်ငံကို နှစ်ကြိမ်တိုင်တိုင် ကျူးကျော်တိုက်ခိုက်ခဲ့ကြပါတယ်။ 

ထိုကျူးကျော်မှုများကို Kamakura အစိုးရနှင့် ဆာမူရိုင်းများက အသက်စွန့်၍ အောင်မြင်စွာ ခုခံနိုင်ခဲ့ကြသည်။

ပုံမှန်အားဖြင့် စစ်ပွဲတွင် အနိုင်ရရှိသောအခါ အစိုးရသည် ဆာမူရိုင်းများအား ဆုလာဘ်အဖြစ် အနိုင်ရရှိထားသော ရန်သူ့မြေယာများကို ခွဲဝေပေးလေ့ရှိသည်။ သို့သော် မွန်ဂိုစစ်ပွဲသည် ပြည်ပကျူးကျော်သူများကို ခုခံကာကွယ်ရသော စစ်ပွဲဖြစ်သည့်အတွက် ခွဲဝေပေးနိုင်မည့် ရန်သူ့မြေယာများ မရှိခဲ့ပါ။ ထို့ကြောင့် အစိုးရအနေဖြင့် ဆာမူရိုင်းများကို လုံလောက်သော ဆုလာဘ်များ ပေးအပ်နိုင်ခြင်းမရှိခဲ့ပါ။

ထိုအချိန်တွင် ဆာမူရိုင်းများသည် မိမိတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်ဖြင့် စစ်တိုက်ခဲ့ကြရသော်လည်း အစိုးရထံမှ ဆုလာဘ်များနှင့် နစ်နာကြေးများ မရရှိခဲ့ကြသဖြင့် အကြွေးနွံနစ်လာပြီး Kamakura အစိုးရအပေါ် မကျေနပ်မှုများ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

တစ်ဖက်တွင်လည်း Kamakura အစိုးရ၏ နောက်ကွယ်၌ Hojo Shikken ဆာမူရိုင်းမျိုးနွယ်စုသည် အာဏာကို အဓိကချုပ်ကိုင်ထားခဲ့သည်။ ၎င်းတို့သည် ရာစုနှစ်တစ်ခုနီးပါး နိုင်ငံရေးအာဏာကို လက်ဝါးကြီးအုပ်ထားပြီး အခြားအင်အားကြီး ဆာမူရိုင်းမျိုးနွယ်စုများ နိုင်ငံရေးတွင် အရေးပါစွာ ပါဝင်လာခြင်းကို ကန့်သတ်ထားခဲ့ကြသည်။

Kamakura အစိုးရအပေါ် ဆာမူရိုင်းများ၏ မကျေနပ်မှုများ မြင့်တက်လာနေချိန်တွင် ဂျပန်ဧကရာဇ် Go-Daigo သည်လည်း ဆာမူရိုင်းများအုပ်ချုပ်သည့် Shogunate စနစ်ကို ဖျက်သိမ်းပြီး ဧကရာဇ်၏ အာဏာကို ပြန်လည်တည်ထောင်ရန် ကြိုးပမ်းလာခဲ့သည်။

၁၃၃၁ ခုနှစ်တွင် Go-Daigo ဧကရာဇ်သည် Kamakura အစိုးရကို မကျေနပ်သော နယ်စားများနှင့် စစ်ဘက်ဆိုင်ရာအင်အားစုများကို စုစည်းကာ Genko War ဟုခေါ်သော လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့သည်။ သို့သော် ထိုနှစ် အောက်တိုဘာလတွင် Kamakura တပ်များသည် ဧကရာဇ်၏ အဓိကခံတပ်ဖြစ်သော Kasagi ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဧကရာဇ်ကို ဖမ်းဆီးကာ Oki ကျွန်းသို့ နယ်နှင်ဒဏ်ပေးခဲ့သည်။

သို့သော် ၁၃၃၃ ခုနှစ်တွင် Go-Daigo ဧကရာဇ်သည် Oki ကျွန်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ ဧကရာဇ် ပြန်လည်လွတ်မြောက်လာပြီးနောက် အခြားဆာမူရိုင်းများနှင့် စစ်သူကြီး Ashikaga Takauji တို့သည်လည်း ဧကရာဇ်ဘက်သို့ ကူးပြောင်းလာခဲ့ကြပါတယ်။ ထို့ကြောင့် ၁၃၃၃ ခုနှစ် မေလတွင် Kamakura အစိုးရ ပြိုလဲခဲ့ပြီး Go-Daigo ၏ တော်လှန်ရေး အောင်မြင်ခဲ့ပါတယ်။ 

 Part (2) ကိုဆက်လက်တင်‌‌ ‌ပေးသွားပါမယ်ခင်ဗျာ။ 

※မည်သည့်နိုင်ငံမှမဆို ဖြည့်သွင်းလျှောက်ထားနိုင်ပါတယ်။

※Work Visaအတွက်မည်သည့်ဝန်ဆောင်ခမှပေးဆောင်စရာမလိုပါဘူးခင်ဗျာ...🙅‍♂️

※လျှောက်ထားသူများအနေဖြင့် Google Form အား သေချာစွာဖြည့်သွင်းထားရန်လိုအပ်ပါတယ်။

🍀"We are looking forward To MEET You"🍀

🟦WILLTEC MYANMAR Co.,Ltd.

🏢 ရုံးခန်းလိပ်စာ: အမှတ်(၁၆၉)၊ အခန်းနံပါတ် ၆(ဘီ)၊ MTP ကွန်ဒို၊ အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ (၉) ရပ်ကွက်၊ လှို င်မြိုနယ်၊ ရန်ကုန်မြို။

☎️ဖုန်း - 09-443881177/ 09-443881100

Share :