ဂျပန်အင်တာဗျူးမှာ "ဘာလို့ ဂျပန်မှာ အလုပ်လုပ်ချင်တာလဲ?" လို့မေးရင် "ပိုက်ဆံရှာချင်လို့ပါ" လို့ ဖြေမိနေတုန်းပဲလား?

ဂျပန်အင်တာဗျူးမှာ "ဘာလို့ ဂျပန်မှာ အလုပ်လုပ်ချင်တာလဲ?" လို့မေးရင် "ပိုက်ဆံရှာချင်လို့ပါ" လို့ ဖြေမိနေတုန်းပဲလား?

ဂျပန်အင်တာဗျူးမှာ "ဘာလို့ ဂျပန်မှာ အလုပ်လုပ်ချင်တာလဲ?" လို့မေးရင် "ပိုက်ဆံရှာချင်လို့ပါ" လို့ ဖြေမိနေတုန်းပဲလား? 🛑🇯🇵

အင်တာဗျူးခန်းထဲမှာ အလုပ်ရှင်က "Naze Nihon de hatarakitai desu ka?" (ဘာကြောင့် ဂျပန်မှာ အလုပ်လုပ်ချင်တာလဲ?) လို့ မေးလာတဲ့အခါ...

"မြန်မာပြည်မှာ အဆင်မပြေလို့ပါ"

"လစာကောင်းလို့ပါ"

"ဂျပန်  (Anime) တွေကို ကြိုက်လို့ပါ" ဆိုပြီး ဖြေနေမယ်ဆိုရင်တော့ သင့်ရဲ့ အင်တာဗျူးကို ဒီနေရာမှာတင် ရပ်လိုက်လို့ ရပါပြီ။

ဂျပန်ကုမ္ပဏီတွေက 志望動機 (Shibou Douki - လျှောက်ထားရခြင်း အကြောင်းရင်း) ကို မေးတဲ့အခါ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အခက်အခဲတွေကို သိချင်တာမဟုတ်ဘဲ "သင့်ရဲ့ ရည်မှန်းချက်နဲ့ ကုမ္ပဏီရဲ့ မျှော်မှန်းချက် ဘယ်လောက်ထပ်တူကျသလဲ" ဆိုတာကို စမ်းသပ်တာပါ။

👇ဒါဆိုရင် အမှတ်အများဆုံးရမယ့် အဖြေမျိုးဖြစ်အောင် ဘယ်လိုတည်ဆောက်မလဲ? 

💡 အောင်မြင်တဲ့ Shibou Douki တစ်ခုရဲ့ လျှို့ဝှက်ချက် (၃) ချက်

၁။ ဂျပန်နိုင်ငံကို ရွေးချယ်ရတဲ့ "Professional" အကြောင်းပြချက် 🎯

"ပိုက်ဆံလိုချင်လို့" ဆိုတာကို ဖျောက်ပြီး "နည်းပညာနဲ့ အတွေ့အကြုံ လိုချင်လို့" ဆိုတဲ့ဘက်ကို လှည့်ပါ။

(ဥပမာ - ဂျပန်နိုင်ငံရဲ့ ခေတ်မီတဲ့ ထုတ်လုပ်မှုနည်းပညာ (Monozukuri) နဲ့ စနစ်ကျတဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှုကို လေ့လာသင်ယူချင်လို့ပါ...)

၂။ ကိုယ့်ရဲ့ Skill တွေနဲ့ ကုမ္ပဏီကို ဘယ်လို အကျိုးပြုမလဲ? 🤝

"ကျွန်တော် ဘာတွေရမလဲ" ဆိုတာထက် "ကုမ္ပဏီအတွက် ကျွန်တော် ဘာတွေ လုပ်ပေးနိုင်မလဲ" ဆိုတာကို အသားပေးပါ။

(ဥပမာ - ကျွန်တော့်မှာရှိတဲ့ [Quality Control/ IT/ PLC] အတွေ့အကြုံတွေကို အသုံးချပြီး ကုမ္ပဏီရဲ့ လုပ်ငန်းစဉ်တွေ ပိုမိုမြန်ဆန်ချောမွေ့အောင် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီချင်လို့ပါ...)

၃။ ရေရှည်လက်တွဲမယ့် အနာဂတ် ရည်မှန်းချက် 🚀

ဂျပန်အလုပ်ရှင်တွေက အလုပ်ခဏခဏ ပြောင်းမယ့်သူကို အရမ်းကြောက်ပါတယ်။ ဒါကြောင့် သင်ဟာ ရေရှည်လက်တွဲမယ့်သူ ဖြစ်ကြောင်း ပြသပါ။

(ဥပမာ - ဒီကုမ္ပဏီမှာ အတွေ့အကြုံတွေယူပြီး နောက် ၃ နှစ်၊ ၅ နှစ်မှာ ကုမ္ပဏီက အားကိုးရတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာတဲ့အထိ ကြိုးစားသွားချင်ပါတယ်...)

🔥 ဥပမာ အဖြေအပြည့်အစုံ:

"ကျွန်တော်က ဂျပန်နိုင်ငံရဲ့ အဆင့်မြင့် နည်းပညာတွေနဲ့ စနစ်ကျတဲ့ အလုပ်လုပ်ပုံကို အမြဲတမ်း လေးစားအားကျခဲ့တာပါ။ လူကြီးမင်းတို့ရဲ့ ကုမ္ပဏီဟာ [ကုမ္ပဏီရဲ့ အားသာချက်တစ်ခုခု] မှာ နာမည်ကြီးတယ်လို့ လေ့လာသိရှိရပါတယ်။ ကျွန်တော့်မှာရှိတဲ့ အတွေ့အကြုံ၊ ကြိုးစားသင်ယူလိုစိတ်တွေနဲ့အတူ လူကြီးမင်းတို့ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် ရေရှည်ပူးပေါင်း ပါဝင်ချင်တဲ့အတွက် အခုလို လျှောက်ထားရခြင်း ဖြစ်ပါတယ်ခင်ဗျာ။"

အင်တာဗျူးဆိုတာ "Win-Win Situation" ကို ရှာဖွေတာပါ။ သင့်ရဲ့ အရည်အချင်းက သူတို့အတွက် ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို ယုံကြည်မှုရှိရှိနဲ့ ချပြနိုင်ရင် အလုပ်ရဖို့ ၉၀% သေချာသွားပါပြီ။

🍀 "Your Career, Our Priority"

WILLTEC MYANMAR Co.,Ltd.

#WILLTECMYANMAR #WTM #InterviewTips #ShibouDouki #JapanCareer #JobInterview #EngineeringLife #KnowledgeSharing #MyanmarToJapan

Share :