挨拶-あいさつ
ဒီတခေါက်မှာတော့ ဂျပန်မှာနေထိုင်မယ်ဆိုရင် သိထားဖို့၊ လုပ်ဆောင်ဖို့အရေးကြီးတဲ့
အခြေခံမိတ်ဆက်ခြင်းနဲ့ပတ်သတ်ပြီးပြောပြသွားပါမယ်။
「挨拶-あいさつ」
あいさつဆိုတဲ့မိတ်ဆက်တဲ့အခါမှာ
1➡️ あかるく大きな声で気持ちよく
နှုတ်ဆက်စကားကို တက်တက်ကြွကြွ၊ အသံကျယ်ကျယ်နဲ့ ပြောရပါမယ်
2➡️ 出勤、退勤のときいつでも
ရုံးတက်ချိန်၊ ရုံးဆင်းချိန် ဘယ်အချိန်မှာပဲဖြစ်ဖြစ်ပြောရပါမယ်
3➡️ 気づいた方からさきに
ဘယ်သူကစပြောရမယ်ဆိုတဲ့သတ်မှတ်ချက်ထက်စာရင်၊ အရင်ဆုံးသတိပြုမိသူကပြောရပါမယ်
4 ➡️ つづけていくことが大切です
နှုတ်ဆက်စကားဆိုတဲ့အလေ့အထကို စဥ်ဆက်မပြတ်ပြုလုပ်သွားဖို့ကလဲ အရေးကြီးပါတယ်
နောက်ထပ်အနေနဲ့「あいさつ-Greeting」လုပ်တဲ့အချိန်မှာ သတိထားရမဲ့ point ၄ချက်ကို ထပ်ပေါင်းပြောပြလိုပါတယ်။
① Eye Contact : ဘယ်သူ့ကို ဦးတည်ပြီး ဒီနှုတ်ဆက်စကားကိုပြောနေတာလဲဆိုတာသိဖို့ Eye Contact ကအရေးကြီးပါတယ်။
② Smile : အပြုံးတခုကိုပိုင်ဆိုင်ထားတာဟာ အကောင်းဆုံး အားသာချက်တခုပါပဲ။ မှန်လိုပဲ ကိုယ်ကပြုံးပြနေမယ်ဆိုရင် တဖက်လူကလဲ ကိုယ့်ကိုအပြုံးနဲ့ ပြန်ပြီး နှုတ်ဆက်ပါလိမ့်မယ်။
③ Voice : မရွှင်မလန်းဖြစ်နေတဲ့အသံနဲ့သာဆိုရင် တဖက်လူအတွက် စိုးရိမ်စိတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
④ Observe:ကိုယ်ပြောလိုက်တဲ့စကားကို တဖက်လူကသေချာကြားလိုက်ရဲ့လား၊ နားလည်လိုက်လားဆိုတာကို
လေ့လာကြည့်ရှုဖို့လဲလိုအပ်ပါတယ်။
ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ... ကျေးဇူးတင်ပါတယ်...