Japan လုပ်ငန်းခွင်မှာ အသုံးပြုတဲ့ သင်္ကေတ (၅) ခုနှင့် အသုံးပြုပုံများ

Japan လုပ်ငန်းခွင်မှာ အသုံးပြုတဲ့ သင်္ကေတ (၅) ခုနှင့် အသုံးပြုပုံများ

ဂျပန်မှာ အလုပ်လုပ်ရင် စာရွက်စာတမ်းတွေ၊ Checklist တွေမှာ စကားလုံးတွေ အရှည်ကြီး ရေးမနေဘဲ သင်္ကေတလေးတွေနဲ့ပဲ အဖြေပေးလေ့ရှိပါတယ်။ ဘယ်သင်္ကေတက ဘာကိုဆိုလိုတာလဲဆိုတာကို ကြည့်ကြည့်ရအောင်

၁။ ○ (Maru - အဝိုင်း)

မှန်တယ်၊ ရတယ် ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်…မေးခွန်းလွှာတွေမှာ အဖြေမှန်ရင် အဝိုင်းဝိုင်းပေးရပါတယ်။ (ကျွန်တော်တို့ဆီမှာလို အမှန်ခြစ် ✔️ မဟုတ်ပါဘူးနော်)။

၂။ × (Batsu - ကြက်ခြေခတ်)

မှားတယ်၊ မရဘူး ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်..အလုပ်မှာ တစ်ခုခုကို ခွင့်မပြုဘူးဆိုရင် ဒါမှမဟုတ် အဖြေမှားရင် ဒီသင်္ကေတကို သုံးပါတယ်။

၃။ △ (Sankaku - တြိဂံ)

အလယ်အလတ်၊ ပြင်ဆင်ဖို့လိုသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်…“ရတော့ရတယ်၊ ဒါပေမဲ့ အားနည်းချက်ရှိသေးတယ်” ဆိုတဲ့ နေရာမျိုးမှာ သုံးပါတယ်။ ကိုယ့် အထက်လူကြီးက စစ်ပြီး တြိဂံလေး ပေးလိုက်ရင် “အိုကေတယ်၊ ဒါပေမဲ့ နည်းနည်း ပြန်ပြင်ဦး” လို့ ပြောတာပါ။

 ၄။ ◎ (Nijuu-maru - အဝိုင်းနှစ်ထပ်)

အရမ်းကောင်းတယ်၊ Perfect)ဖြစ်တယ်လို့ ဆိုလိုပါတယ်..အဝိုင်း (○) ထက် ပိုပြီး ကောင်းမွန်တဲ့ အခြေအနေမျိုးမှာ သုံးပါတယ်။ အလုပ်တစ်ခုကို အရမ်းပြည့်စုံအောင် လုပ်နိုင်ရင် ဒီသင်္ကေတလေး ရတတ်ပါတယ်!

၅။ ※ (Kome-jirushi - ဆန်စပါးသင်္ကေတ)

မှတ်ချက်၊ သတိပြုရန် စသဖြင့်Note/Referenceပေးတဲ့ အချိန်မျိုးမှာ သုံးပါတယ်..စာရွက်စာတမ်းတွေရဲ့ အောက်ခြေမှာ အရေးကြီးတဲ့ ဖြည့်စွက်ချက် ဒါမှမဟုတ် သတိထားရမယ့်အချက်တွေကို ရေးတဲ့အခါ ဒီသင်္ကေတလေးကို သုံးပါတယ်။ (ကျွန်တော်တို့ဆီက Star * သင်္ကေတနဲ့ ဆင်တူပါတယ်)။

ဂျပန်မှာ အမှန်ခြစ် (✔️) ကို “Check လုပ်ပြီးပြီ” ဆိုတဲ့ နေရာမှာပဲ သုံးလေ့ရှိပြီး “အဖြေမှန်” ဆိုတဲ့ နေရာမှာ သုံးလေ့မရှိတာကို သတိထားရပါမယ်။ ဒါကြောင့် စာရွက်စာတမ်းတွေမှာ အဝိုင်း (○) လေးတွေ တွေ့ရင် “အဆင်ပြေတယ်” လို့ မှတ်ယူနိုင်ပါတယ်ခင်ဗျာ!

အလုပ်မှာ ဒီသင်္ကေတလေးတွေကြောင့် မှားယွင်းနားလည်ခဲ့တာမျိုး ရှိလား? Comment မှာ အတွေ့အကြုံလေးတွေမျှခဲ့နိုင်ပါတယ်.

Share :