Peer Pressure ဆိုတာဘာလဲ?

Peer Pressure ဆိုတာဘာလဲ?

ဒီနေ့မှာတော့ Peer Pressure ဆိုတဲ့အကြောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Peer Pressure ဆိုတဲ့စကားလုံးက အခုနှစ်ပိုင်းအတွင်းမှာ လူပြောများလာတဲ့စကားလုံးဖြစ်ပြီး Social Media တွေမှာလဲ မကြာမကြာတွေ့လာနေရပါတယ်။

 Peer Pressure ဆိုတာဘာလဲ?

Peer ဆိုတာကတော့ သက်တူရွယ်တူဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး Pressure ကတော့ဖိအားဖြစ်ပါတယ်။ ကိုယ်နဲ့ သက်တူရွယ်တူတွေကြောင့်ဖြစ်တဲ့ဖိအား၊ တနည်းအားဖြင့် ပတ်ဝန်းကျင်ရဲ့ဖိအားလို့ ပြောလို့ရနိုင်ပါတယ်

Peer Pressure ဘာလို့ဖြစ်လာလဲ?

တကယ်တော့ Peer Pressure ဆိုတာ အစိမ်းသက်သက် မဟုတ်ပဲ ကျွန်တော်တို့အားလုံး နေ့စဥ်ကြုံတွေ့နေရတဲ့ အရာပဲဖြစ်ပါတယ်။

ဥပမာအားဖြင့် ကျွန်တော်တို့ငယ်ငယ်တုန်းက ရွယ်တူတွေနဲ့ ကျောင်းစာသင်ခန်းထဲမှာ စာသင်တဲ့အချိန်ပဲဖြစ်ဖြစ်၊ စာမေးပွဲရလဒ်တဲ့အချိန်ပဲဖြစ်ဖြစ် အချင်းချင်းယှဥ်တာကလဲ Peer Pressure ပဲဖြစ်ပါတယ်

လုပ်ငန်းခွင်ဝင်တဲ့အချိန်မှာလဲ "ဟိုတယောက်ကတော့ နိုင်ငံခြားကတက္ကသိုလ်မှာ စကော်လာရသွားတာ""အတူတူ‌‌ကျောင်းတက်ခဲ့တဲ့ သူငယ်ချင်းကအခု လစာ ဘယ်လောက်တောင်ရတာ" စတဲ့ စကားမျိုးကြားပြီး ကိုယ့်ထက်သာတယ်လို့ခံစားဖူးတဲ့အချိန်ရှိဖူးကြမယ်ထင်ပါတယ်

"ငါလဲကြိုးစားနေတာပဲ" "ငါကျတော့ဘာလို့ အဲ့လိုဖြစ်မလာရတာလဲ" တဲ့စိတ်ခံစားချက်မျိုးတွေဖြစ်လာပြီး တဖြည်းဖြည်းလုပ်ချင်ကိုင်ချင်စိတ်တွေပျောက်ပြီး စိတ်ဓာတ်ကျတာမျိုးတွေ ဖြစ်တတ်ပါတယ်

Peer Pressure က အဆိုးချည်းပဲရှိတာလား?

Peer Pressure ဆိုတာ ဖိအားလို့ ဆိုတဲ့အတွက် မကောင်းတဲ့အချက်တွေပဲရှိတာလားဆိုတော့ အဲ့လိုလည်း မဟုတ်ပါဘူး။

Peer Pressure ရဲ့ သဘောတရားကိုသေချာနားလည်ထားပြီး ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ တိုးတက်မှုအတွက် လမ်းစတစ်ခု ဖြစ်နိုင်ပါတယ်။

Peer Pressure ကို ကိုယ့်ဘဝတိုးတက်ဖို့အတွက် ဘယ်လိုအသုံးချမလဲ?

၁။ ကိုယ့်ရဲ့ အမြင်ရှုထောင့်ကို ပြောင်းလိုက်ပါ

တခြားသူရဲ့အောင်မြင်မှု၊ အခြေအနေတွေကို ကြည့်ပြီး စိတ်ဓာတ်ကျနေမယ့်အစား မိမိကိုယ်ကို လက်ခံပြီး တန်ဖိုးထားလိုက်ပါ။

၂။ ကိုယ့်ရဲ့ Career Plan ကိုသေချာအောင်လုပ်ထားပါ

လူတစ်ယောက်နဲ့ တစ်ယောက်မှာ အားသာချက်၊ ရည်ရွည်ချက်၊ ရည်မှန်းချက်တွေက မတူညီပါဘူး

အရေးကြီးတာက ကိုယ့်အကြောင်းကို သေချာနားလည်ပြီး ကိုယ့်ရဲ့ အားသာချက်ကို အကျိုးရှိရှိအသုံးချတတ်ဖို့ပဲဖြစ်ပါတယ်

ပတ်ဝန်းကျင်ကို လိုတာထက်ပိုပြီး ဂရုမစိုက်ပဲ ကိုယ့်ရဲ့ Career Plan ကိုသေချာသတ်မှတ်ပြီး ပုံမှန် ရှေ့ဆက်သွားမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မှာ အမှန်ပါပဲ

၃။အဆက်မပြတ်ကြိုးစားနေဖို့လိုအပ်ပါတယ်

အောင်မြင်မှုရရှိဖို့ဆိုရင် ကြိုးစားမှုကတော့ မဖြစ်မနေလိုအပ်တဲ့အရာပဲဖြစ်ပါတယ်

ဘယ်လောက်ပဲ ပါရမီရှိတဲ့သူဖြစ်ပါစေ ကြိုစားအားထုတ်မှုမရှိရင်တော့ အောင်မြင်နိုင်ဖို့ခက်ခဲပါတယ်

ရည်ရွယ်ချက်၊ ရည်မှန်းချက်ကို သေသေချာချာ သတ်သတ်မှတ်မှတ်ထားပြီး စဥ်ဆက်မပြတ် ကြိုးစားသွားဖို့လည်း လိုအပ်ပါတယ်

အားလုံးပဲ ကိုယ့်ပတ်ဝန်းကျင်ကဖိအားတွေကို ကိုယ့်ရဲ့ အင်အားတခုအဖြစ်ပြောင်းလဲပြီး အောင်မြင်မှုတွေရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ....