🚀 အင်တာဗျူးမစတင်မီ 15  မိနစ်အလို အဆင်သင့်ဖြစ်စေရန် လိုက်နာရမည့် အဆင့်ဆင့်

🚀 အင်တာဗျူးမစတင်မီ 15 မိနစ်အလို အဆင်သင့်ဖြစ်စေရန် လိုက်နာရမည့် အဆင့်ဆင့်

🚀 အင်တာဗျူးမစတင်မီ 15  မိနစ်အလို အဆင်သင့်ဖြစ်စေရန် လိုက်နာရမည့် အဆင့်ဆင့်

(1) Wi-Fi လိုင်း တည်ငြိမ်မှု ရှိမရှိ စစ်ဆေးပါ။ မီးပျက်သွားပါက ချက်ချင်းသုံးနိုင်ရန် ဖုန်း Hotspot ကို Backup အနေဖြင့် အဆင်သင့် ပြင်ထားပါ။Audio & Video: Laptop ရဲ့ Microphone နဲ့ Speaker အလုပ်လုပ်မလုပ် စမ်းသပ်ပါ။ Laptop ဘက်ထရီ အပြည့်သွင်းထားရန် သို့မဟုတ် အားသွင်းကြိုး ချိတ်ထားပါ။ 

(2) ဖုန်းကို Silent သို့မဟုတ် Airplane Mode လုပ်ပါ။ အခန်းတံခါး၊ ပြတင်းပေါက်များ ပိတ်ပြီး မိသားစုဝင်များကို အင်တာဗျူးရှိကြောင်း ကြိုတင်ပြောထားပါ။Camera Angle & Light: ကင်မရာကို မိမိမျက်လုံး တည့်တည့် (Eye-level) မှာ ရှိပါစေ။ အလင်းရောင်က နောက်ကမလာဘဲ မိမိမျက်နှာကို ရှေ့တည့်တည့်က ဖြာကျနေရပါမယ်။ရေသောက်ပါ: စကားပြောရင် လည်ချောင်းမခြောက်စေဖို့ ရေတစ်ငုံ ကြိုသောက်ထားပြီး၊ လိုအပ်ပါက သောက်ရန် ရေဖန်ခွက်ကို ဘေးနားတွင် အဆင်သင့် ထားရှိပါ။

(3) ဂျပန်လူမျိုးများသည် အချိန်တိကျမှုကို အလွန်တန်ဖိုးထားသဖြင့် သတ်မှတ်ချိန်ထက် ၅ မိနစ်ခန့် ကြိုတင်၍ Zoom သို့မဟုတ် Teams Link ထဲသို့ ဝင်ရောက်စောင့်ဆိုင်းပါ။Profile Name စစ်ဆေးပါ: မိမိအသုံးပြုမည့် Account Name ကို အမည်ပြောင်များ (ဥပမာ - Nicknames) မသုံးဘဲ ပတ်စ်ပို့ သို့မဟုတ် CV ထဲက နာမည်အတိုင်း အင်္ဂလိပ်လို သေသပ်စွာ ပြောင်းလဲထားပါ။

(4) အလုပ်ရှင် Screen ပေါ် ရောက်လာသည်နှင့် တစ်ပြိုင်နက် တက်ကြွဖျတ်လတ်သော အပြုံး၊ ကြည်လင်ပြတ်သားသော အသံဖြင့် はじめまして ဟု နှုတ်ဆက်ကာ ခေါင်းငုံ့အရိုအသေပေး ခြင်းဖြင့် အင်တာဗျူးကို ယုံကြည်မှုအပြည့်နှင့် စတင်လိုက်ပါ။

⚠️ အွန်လိုင်းအင်တာဗျူး ဖြေဆိုနေစဉ်အတွင်း Screen ပေါ်က အလုပ်ရှင်ရဲ့ မျက်နှာကိုပဲ စိုက်ကြည့်ပြီး စကားပြောပါက တစ်ဖက်လူအမြင်တွင် ကိုယ်က အောက်ငုံ့ကြည့်နေသလို ဖြစ်တတ်ပါတယ်။ ထို့ကြောင့် စကားပြောသည့်အခါ Laptop ရဲ့ ကင်မရာအပေါက်လေးကို တည့်တည့်ကြည့်ပြီး ပြောဆိုရန် အထူးသတိပြုပါ။

#WilltecMyanmar #JapanOnlineInterview #InterviewChecklist #Punctuality #MyanmarToJapan #WorkInJapan

Share :