ဂျပန်အင်တာဗျူးမှာ "自己紹介" နဲ့ "自己PR" ဘာကွာလဲ?

ဂျပန်အင်တာဗျူးမှာ "自己紹介" နဲ့ "自己PR" ဘာကွာလဲ?

ဂျပန်အင်တာဗျူးမှာ "自己紹介" နဲ့ "自己PR" ဘာကွာလဲ?

အင်တာဗျူးခန်းထဲရောက်လို့ "မိမိကိုယ်ကိုယ် မိတ်ဆက်ပေးပါ" လို့ ပြောလိုက်တဲ့အခါ လူငယ်တော်တော်များများဟာ ကိုယ့်ရဲ့ အရည်အချင်းတွေကို တန်းပြီးပြောတတ်ကြပါတယ်။ ဒါဟာ အမှားတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဂျပန်အင်တာဗျူးမှာ 自己紹介 နဲ့ Jiko PR ဆိုတာ မတူပါဘူး။

ဘယ်လိုကွာခြားလဲ?
⭕️ Jikoshoukai (自己紹介) 🤝
ဒါဟာ အင်တာဗျူးရဲ့ "အဖွင့်" ဖြစ်ပါတယ်။ ကိုယ်က ဘယ်သူလဲဆိုတာကို အကျဉ်းချုပ် သိအောင်ပြောပြရတာပါ။
ဘာတွေပြောရမလဲ: နာမည်၊ အသက်၊ ဘွဲ့ရထားတဲ့ကျောင်း/မေဂျာ၊ လက်ရှိအလုပ်အကိုင် (သို့မဟုတ်) ဂျပန်စာ Level။
အချိန်: (၃၀) စက္ကန့် ကနေ (၁) မိနစ်ထက် မပိုစေရပါဘူး။

📌ရည်ရွယ်ချက်: ကိုယ့်ရဲ့ အခြေခံအချက်အလက်တွေကို အကျဉ်းချုပ် သိရှိစေဖို့ ဖြစ်ပါတယ်။

⭕️Jiko PR (自己PR - Self-Promotion) 📢
ဒါကတော့ ကိုယ့်ကိုယ်ကိုယ် "အရောင်းချဆုံး" အပိုင်းဖြစ်ပါတယ်။
ဘာတွေပြောရမလဲ: ကိုယ့်မှာရှိတဲ့ အားသာချက်၊ ကျွမ်းကျင်မှု (Technical Skills) နဲ့ အတွေ့အကြုံတွေဟာ ကုမ္ပဏီအတွက် ဘယ်လိုအကျိုးပြုမလဲဆိုတာကို သက်သေပြရမှာပါ။
အချိန်: (၁) မိနစ် ကနေ (၂) မိနစ်အထိ အကျယ်တဝင့် ပြောနိုင်ပါတယ်။

📌ရည်ရွယ်ချက်: "ဘာကြောင့် ကျွန်တော့်ကို ခန့်သင့်တာလဲ" ဆိုတဲ့ အဖြေကို ပေးဖို့ ဖြစ်ပါတယ်။

💡 အောင်မြင်တဲ့ အင်တာဗျူးတစ်ခုဖြစ်ဖို့ ရောမွှေမပစ်ပါနဲ့။မိတ်ဆက်ခိုင်းတဲ့အချိန်မှာ ကိုယ်တော်ကြောင်းတွေ အရှည်ကြီးပြောတာမျိုးကို ရှောင်ပါ။ အစပိုင်းမှာ Jikoshoukai ကို လိုတိုရှင်းပြောပြီး၊ အမေးအဖြေတွေကြားထဲမှာမှ Jiko PR ကို အားရပါးရ ပြောပြရမှာပါ။
💡အဆုံးသတ်မှာ နှုတ်ဆက်ပါ: စကားပြောပြီးတိုင်းမှာ "Yoroshiku Onegaishimasu" လို့ ပြောပြီး ဦးညွှတ်နှုတ်ဆက်ဖို့ မမေ့ပါနဲ့။
💡 Eye Contact: စကားပြောနေစဉ်မှာ အင်တာဗျူးသူရဲ့ မျက်လုံးကို ယုံကြည်မှုရှိရှိ ကြည့်ပြီး ပြုံးပြုံးရွှင်ရွှင် ဖြေဆိုပါ။

🍀 "We are looking forward To MEET You"
WILLTEC MYANMAR Co.,Ltd.

#WILLTECMYANMAR #WTM #Jikoshoukai #JikoPR #InterviewTips #JapanCareer #LifeInJapan #KnowledgeSharing #MyanmarToJapan