お盆 (Obon) ပွဲတော်အကြောင်း

お盆 (Obon) ပွဲတော်အကြောင်း

🏮 တရုတ်ပြည်ရဲ့ 中元节 (တစ္ဆေပွဲတော်) လိုမျိုး ဂျပန်မှာလည်း ကျင်းပကြတဲ့ お盆 (Obon) ပွဲတော်အကြောင်း သိပြီးကြပြီလား? 👻

✨နှစ်စဉ် ဩဂုတ်လ ၁၃ ရက်မှ ၁၆ ရက်နေ့ထိကျင်းပကြတဲ့ お​ ပွဲတော်ကာလမှာ တမလွန်လောကနှင့်ဆက်သွယ်ထားသော တံခါးများပွင့်သွားနိုင်သည့်ကာလလို့မှတ်ယူထားကြပြီး ကွယ်လွန်သွားခဲ့တဲ့ဝိညာဉ်တွေဟာ လူ့ပြည်မှာရှိတဲ့သူတို့ရဲ့မိသားစုတွေဆီကိုပြန်လည် လည်ပတ်ကြတဲ့ကာလဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ 

🥒ယေဘုယျအားဖြင့်တော့ ဩဂုတ်လ ၁၃ ရက်ရောက်တဲ့အခါမှာ 迎え盆 ( むかえぼん)Mukae-bon လို့ခေါ်တဲ့ ဝိညာဉ်တွေအိမ်ပြန်လာတဲ့အခါ လမ်းမပျောက်စေဖို့ 迎え​Mukae-bi လို့ခေါ်တဲ့ မီးပုံလေးတွေကို‌ထွန်းကာ きゅうりの馬(kyuuri no uma)🥒🐎သခွါးသီးနဲ့လုပ်ထားတဲ့မြင်းရုပ်လေး‌တွေနဲ့ မြန်မြန်ကြွလာနိုင်အောင် လမ်းပြကြိုဆိုကြတယ်။

 🍆ဩဂုတ်လ ၁၆ ရက်နေ့ရောက်တဲ့အခါမှာတော့ 送り盆 (おくりぼん)Okuri-bon လို့ခေါ်တဲ့ နောင်ဘဝကိုကူးမယ့်ဝိညာဉ်တွေကိုပြန်လည်ပို့ဆောင်တဲ့အခါမှာလည်း သူတို့နွေးထွေးစေဖို့ 送り火 (おくりび)okuri-bi ဆိုတဲ့မီးအိမ်ကလေးတွေကိုထွန်းပြီး なすの牛(nasu no ushi) 🍆🐄 ခရမ်းသီးနဲ့လုပ်ထားတဲ့ နွားရုပ်လေးတွေနဲ့ ဝိညာဥ်တွေ ဖြည်းဖြည်းချင်းပြန်သွားနိုင်အောင် နှုတ်ဆက်ကြလေ့ရှိတဲ့ ပွဲတော်လေးပဲဖြစ်ပါတယ်။ 

🔥ကျိုတိုမြို့ရဲ့တောင်ပေါ်မှာရှိတဲ့ မီးပုံအကြီးကြီးတွေနဲ့ 五山送り火 (ござんのおくりび) Gozan no okuribi ဆိုတဲ့စာလုံးပုံဖော်ထားတဲ့‌နေရာဟာ Obon ပွဲနဲ့ပတ်သတ်ပြီးလူသိများတဲ့နေရာတစ်ခုဖြစ်ပါတယ်။

お盆 ပွဲတော်ကာလမှာ

🙏 ဂျပန်လူမျိုးတွေ အဓိက ရွတ်ဆိုဆုတောင်းလေ့ရှိတဲ့ စာသားလေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်။

🌸ご先祖様​が極楽浄土​に往生されますように。

( ဘိုးဘေးများကောင်းရာမွန်ရာဘုံဗိမ္မာန်ကိုရောက်ရှိပါစေ။) လို့ဆုတောင်းရင်း 

🌸いつの日にか、ご先祖様​やご家族​の皆様​と再び巡り(ふたたび めぐり)会えますように。

(နောင်တစ်ချိန်မှာ ဘိုးဘေးများမိသားစုများနှင့်အတူတကွပြန်လည်ဆုံဆည်းနိုင်ကြပါစေ။)

#JapanCulture #ObonFestival #JapanTraditional #KnowledgeSharing #WilltecMyanmar  #お盆 #京都五山送り火